Tuesday, December 11, 2012

လူသတ်ခိုင်းတဲ့ထာဝရအရှင်

လူ့အသက်တစ်ချောင်းကယ်ကောင်းပါတယ်အေ ဟူသောစကားကို ကျွန်တော်တို့တစ်တွေမကြာခဏ
ကြားနေရပါတယ်။အဲ့ဒီလိုစကားပြောတဲ့သူတွေတော်တော်များများရဲ့စိတ်သဘောထားကို ခြုံငုံသုံးသပ်ကြည့်
မယ်ဆိုရင်အနည်းဆုံးတော့အဲ့ဒီလူမှာကိုယ်ချင်းစာတရားရှိတယ်ဆိုတာလောက်ကိုတော့ တွေ့ရပါလိမ့်မယ်။
လူသားတွေမှာကိုယ်ချင်းစာတရားလေးတွေကိုယ်စီရှိနေကြမယ်ဆိုရင်တော့ လောကကြီးကငြိမ်းချမ်းနေမှာပါပဲ။
သူတစ်ပါးအသက်ကိုကယ်တင်ဖို့နဂိုဗီဇစိတ်ရှိနေတဲ့လူသားတွေကို စိတ်ရိုင်းတွေသွင်းပေးတဲ့သူကိုတော့
ဘယ်သူတော်ကောင်းမှ အားပေးမှာမဟုတ်ပါဘူး။အကြံတူဥာဏ်တူတွေသာ အားပေးအားမြှောက်နဲ့ လက်ခံကြမှာပါပဲ။လူတော်တော်များများဟာ သူတော်ကောင်းကဲ့ရဲ့ရှုတ်ချမယ့် အလုပ်မျိုးတွေကိုရှောင်ကြဉ် လိုတဲ့ စိတ်လေးတွေရှိမယ်လို့ယုံကြည်မိပါတယ်။ဒီင်္လိုဆိုရင် ကျွန်တော်တို့တစ်တွေကို မကောင်းမှုဒုစရို က်တွေလုပ်ဖို့တိုက်တွန်းအားပေးအမိန့်ပေးနေတဲ့သူတစ်ယောက်ကို ကျွန်တော်တို့ ဆရာတင်ထားမှာလား ?ဝေးဝေးရှောင်ကြဉ်ကြမလား?ကိုယ် ကိုယ်တိုင်လဲလူသတ်တယ် တခြားသော သူတွေကို လည်းလူသတ်ခိုင်းတယ်၊ လူသတ်ဖို့အားပေးတဲ့သူတစ်ယောက်ရဲ့ သြ၀ါဒကိုရော ကျွန်တော်တို့တစ်တွေလိုက်နာကျင့်ကြံကြမလား?လူသားတွေကိုဖန်ဆင်းထားတဲ့ဖန်ဆင်းရှင်ပါ၊ လူသားတွေကိုအလွန်ချစ်မြတ်နိုးပြီးလူသားတွေရဲ့ကယ်တင်ရှင်ပါ၊အနန္တတန်ခိုးရှင်ပါဆိုတဲ့ထာဝရဘုရားသခင် ဆိုတဲ့သူကြီးကတော့ လူသတ်ဖို့အားမြှောက်ပြုထားသလို သူကိုယ်တိုင်လဲလူပေါင်းမြောက်များစွာ
ကိုသတ်ခဲ့ပါတယ်တာကို ကျွန်တော်ရှင်းရှင်းလင်းလင်းကြီးတင်ပြပါရစေ။အရင်ဦးဆုံးထာဝရကြီးကိုယ်တိုင်
လူသတ်ခဲ့ပုံတွေကိုအရင်တင်ပြပါရစေ။

ဓမ္မရာဇ၀င်ပထမစောင် (၁ရာ ၆း၁၉)
   
    ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏သေတ္တာတော်ထဲသို့ကြည့်ရှုမိသောကြောင့် လူခုနှစ်ဆ ယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကိုခံရကြ၏။ထိုသို့ထာဝရဘုရားသည်ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသေကြောင့်လူများတို့သည် ငိုကြွေးမြည်တမ်းကြ၏။

    ကြီးစွာသောလုပ်ကြံခြင်းအားဖြင့်လို့ဆိုထားပါတယ်။လူပေါင်းများစွာကိုသတ်ခဲ့တယ်လို့အဓိပ္ပါယ်ရပါတယ်။
နောက်တစ်ခုကိုဆက်လက်တင်ပြပါဦင်္းမယ်။

ဓမ္မရာဇ၀င်ဒုတိယစောင် (၂ရာ ၂၄း၂၅)

   
    ထိုနေ့နံနက်မှစ၍ချိန်းချက်သောအချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ကာလနာကို
လွှတ်လိုက်တော်မူ၍ဒန်မြို့မှဗေရရှေဘမြို့တိုင်အောင် လူခုနှစ်သောင်းသေကြ၏။

ကမ္ဘာဦးကျမ်း ၃၈း၇
   
    ယုဒ၏သားဦးဧရသည်ထာဝရဘုရားရှေ့၌ဆိုးသောသူဖြစ်၍သူ့ကို ထာဝရကွပ်မျက်တော်မူ၏။

ထာဝရကြီးကိုယ်တိုင်လူသတ်ခဲ့ပုံတွေကို တင်ပြပြီးနောက် ယုံကြည်သူလူသားများ ကိုလူသတ်ဖို့အားပေးခဲ့ပုံကိုဆက်လက်တင်ပြပါဦးမယ်။

တရားဟောရာကျမ်း (၂၁း၁၈၊၁၉၊၂၀၊၂၁)

    ပုန်ကန်သောသားကိုသတ်ပါ


    အဘ၌ဆိုးသွမ်းပုန်ကန်သောသား၊မိဘစကားကိုနားမထောင်၊မိဘတို့ဆုံးမသော်လည်း မနာခံသောသား
ရှိလျှင်၊မိဘတို့သည်ထိုသားကိုဆွဲကိုင်၍မြို့၌အသက်ကြီးသောသူတို့ရှိရာမြို့တံခါးဝသို့ဆောင်ခဲ့ပြီးလျှင်
၊အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ခက်ထန်သောသဘောရှိ၍ အကျွန်ုပ်တို့စကားကိုနားမထောင်သော သူဖြစ်ပါ၏။စားကြူးသူ၊သောက်ကြူးသူဖြစ်ပါ၏ဟု  မြို့၌အသက်ကြီးသူတို့အားလျှောက်ဆိုရ
မည်။မြို့သားယောက်ျားအပေါင်းတို့သည်ထိုသားကိုကျောက်ခဲနှင့် ပစ်၍အသေသတ် ရကြမည်။ ထိုသို့သင်တို့တွင်ဒုစရိုက်အပြစ်ကိုပယ်ရှားသဖြင့် ဣသရေလအမျိုးအပေါင်းတို့ သည်ထိုသတင်းကိုကြား ၍ကြောက်ရွံ့ခြင်းရှိကြလိမ့်မည်။

ကဲဗျာ လူသတ်ခိုင်းတဲ့ဘုရားဖြစ်တယ်ဆိုတာ ဘယ်လိုမှငြင်းနိုင်မှာမဟုတ်ပါဘူး။လောကကြီးမှာ အကောင်းဆုံးကျမ်းစာပါဆိုတဲ့ဟာကြီးထဲမှာ ဒီလိုဟာမျိုးတွေပါနေတယ်ဆိုတာ သတိပြုကြပါ ။ခြိမ်းခြောက်ခြင်းတို့ဖြင့်ပြည့်နေပါတယ်။နောက်ထပ်ရေးသားမယ့်ပို့စ်တွေမှာ ထာဝရကြီးက သူ့ကိုဘယ်လိုယဇ်ပူဇော်ရမယ် သူဘယ်လိုဒေါသကြီးတယ်ဆိုတာတွေကို ဆက်လက်တင်ပြပါဦးမယ်။

No comments:

Post a Comment